Biography


Paw Oo Thett was born in 1936 in Mandalay, the ancient capital of Burma. His father, U Hla Gyi was also an artist who taught art in a public school. Paw Oo Thett lost his mother at an early age. An only child, his father raised him with all the love and care he could. After the end of world war II, when Burma was still celebrating the end of hostilities, Paw Oo Thett then 12 years old became the victim of a serious accident. He lost his right hand while playing with a grenade. 


Right handed, Paw Oo Thett had to learn how to use his left hand to write and draw. Reluctantly, Paw Oo Thett continued his schooling but did not go beyond the secondary level. Fortunately, a good friend of the family succeeded to convince the budding artist to go back to school. Paw Oo Thett ultimately reached basic academic training. 


Paw Oo Thet learned how to draw and paint from his father. At age fifteen, he began to study with artist U Ba Thett, from whom he took the “Thett” part of his name, and U Khin Maung. While at school, Paw Oo Thett won many prizes in art competitions and participated in a few exhibitions. In 1959, he won a scholarship to study by correspondence with an art school based in the United States. At twenty-one, Paw Oo Thett managed to live from his art. He worked as an illustrator and cartoonist in local magazines, for the People Daily of Mandalay, the Mirror and the Working People’s Daily of Yangon. He was one of the founders of the comic monthly “Gali” published in Mandalay. 


Paw Oo Thett contributed two of his paintings, “Asian Harbor Scene” (1974), and “Market” (1975), to benefit a UNICEF funding campaign. These paintings were used for the productions of diaries, stamps and greeting cards. He also provided illustrations for literacy campaign supported by the UN and the Burmese Government. Paw Oo Thett also illustrated a number of educational books published in the West. In 1963, his first one-man show in Yangon saw the entirety of his displayed paintings sold within minutes of opening. It was his very first real success. 


Paw Oo Thett became well known amongst western art connoisseurs as an artist who could blend traditional Myanmar art and culture with Western modern techniques. A heavy smoker, Paw Oo Thett died of Lung cancer at his home on the 13th of April 1993. He was only fifty-seven years old. His widow, Daw Tin Kyi passed away in 2003 but their three sons are still living in Mandalay, Myanmar.



ပေါ်ဦးသက် သည် မြန်မာမှုနှင့် ခေတ်ပေါ်ပန်းချီကို ပေါင်းစပ်ဖန်တီးထားသော ထူးခြားသည့် ကိုယ်ပိုင်ဟန် ပန်းချီလက်ရာများကြောင့် မြန်မာ့ပန်းချီလောက၌ သာမက အနောက်တိုင်းပန်းချီ လောကတွင်လည်း အောင်မြင်ထင်ရှား ကျော်ကြားသည့် ပန်းချီအနုပညာရှင် တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

ပေါ်ဦးသက်အား ၁၉၃၆-ခုနှစ် အဖဦးလှကြီးနှင့် အမိဒေါ်ငွေမမှ မန္တလေးတွင် မွေးဖွားခဲ့သည်။ ဖခင် ဦးလှကြီးသည်လည်း အနုပညာကျောင်းတွင် စာသင်လျက်ရှိနေသော အနုပညာသမား တစ်ယောက်ဖြစ်သည်။ ပေါ်ဦးသက် ၏ မိခင်သည် ပေါ်ဦးသက် ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက်မြန်မာပြည်အတွင်း ငြိမ်းချမ်းရေး အောင်ပွဲများ ကျင်းပချိန် အတွင်း လက်ပစ်ဗုံး တစ်လုံး မတော်တဆ ပေါက်ကွဲမှုကြောင့် ၁၂-နှစ် အရွယ် ကလေးဘဝ တွင် သူ၏ ညာဘက် လက်တစ်ဖက် ဆုံးရှုံးခဲ့ရလေသည်။ ထိုအချိန်မှစ၍ ဘက်လက်ကို အသုံးပြုကာ စာရေးခြင်း၊ ပုံဆွဲခြင်းများကို ကြိုးစားလေ့ကျင့်ခဲ့သည်။


ပေါ်ဦးသက်သည် ပန်းချီဆွဲခြင်း အနုပညာကို သူ၏ ဖခင်ကြီးဆီမှ သင်ယူခဲ့လေသည်။ အသက် ၁၅-နှစ် အရွယ်တွင် ပန်းချီဆရာ ဦးဘသက် နှင့် ဦးခင်မောင်(ဘဏ်) တို့ထံမှ ပန်းချီပညာရပ်များကို ဆက်လက် ဆည်းပူးခဲ့ပြီး ဆရာဖြစ်သူ ဦးဘသက် နာမည်မှ`သက်´ဆိုသည်ကို သူ၏နာမည်တွင်ပေါင်းထည့်ကာ ပေါ်ဦးသက် ဟုယူခဲ့သည်။ သူကျောင်းတက်နေစဉ် ကာလအတွင်း ပန်းချီပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်ပေါင်း မြောက်များစွာ ရရှိခဲ့သည်။


၁၉၅၉-ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု Famous Artist School အနုပညာကျောင်းတစ်ခုမှ ပေးသော စာပေးစာယူ စကောလားရှစ်ကို ရရှိခဲ့ပြီး ပန်းချီအနုပညာသင်ဆုကို ရရှိခဲ့သည်။ သုံးနှစ် စာပေးစာယူသင်တန်းကို နှစ်နှစ်ဖြင့် သင်ကြားတတ်မြောက်ခဲ့ပြီး First Grade အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ အသက် ၂၁နှစ် အရွယ်တွင် သူသည် သူ၏ အနုပညာဖြင့်အသက်မွေး ဝမ်းကျောင်းခဲ့ကာ ထိုစဉ်က မဂ္ဂဇင်းစာစောင်များ၊ မန္တလေးပြည်သူ့ နေ့စဉ် သတင်းစာ၊ ကြေးမုံ သတင်းစာ၊ ရန်ကုန် လူထုနေ့စဉ် သတင်းစာတို့တွင် သရုပ်ဖေါ်ပုံများ၊ ကာတွန်းများ ရေးဆွဲခဲ့သည်။


Unicef ရန်ပုံငွေအတွက် "Asian Harbor Scene"(၁၉၇၄) နှင့် "Market"(၁၉၇၅) ဆိုသည့် ပန်းချီကား နှစ်ကားကိုလည်း ဆွဲပေးခဲ့ကာ ထိုပန်းချီကားနှစ်ကားကို ဒိုင်ယာရီမျက်နှာဖုံး၊ တံဆိပ်ခေါင်းများ၊ ပို့စကတ်များ ပုံနှိပ်ဖြန့်ချိရာတွင် အသုံးပြုခဲ့သည်။ နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကကျင်းပပေးသော စာပေ အနုပညာ ပြပွဲပြိုင်ပွဲများအတွက် လိုအပ်သော သရုပ်ဖော်ပုံများကို လည်းရေးဆွဲခဲ့သည်။ သူ၏ သရုပ်ဖော်ပုံများကို ဥရောပနှင့် အမေရိကန် နိုင်ငံများတွင်လည်း ကျောင်းပညာသင်ရိုးညွှန်းတမ်းများတွင် ပြဋ္ဌာန်းအသုံးပြုခဲ့သည်။ ၁၉၆၃-ခုနှစ်တွင် ရန်ကုန်၌ တစ်ကိုယ်တော် အနုပညာပြပွဲကျင်းပခဲ့ကာ ပြပွဲဖွင့်လှစ်ပြီး ခဏတာ အတွင်း သူ၏ ပန်းချီကားများ အကုန်လုံး ရောင်းလိုက်ရကာ သူ၏ ပထမဦးဆုံး အောင်မြင်မှု့ဖြစ်ခဲ့သည်။ ထို့နောက် ပေါ်ဦးသက်အား မြန်မာ့ယဉ်ကျေးနှင့် အနုပညာကို အနောက်တိုင်း ခေတ်သစ် ပန်းချီရေးနည်း ရေးဟန်များဖြင့်ရောစပ် ဖန်တီးသူအဖြစ် အနောက်တိုင်းမှ အနုပညာရှင်များ အကြားတွင် လူသိများလာခဲ့သည်။


ထို့နောက် ပေါ်ဦးသက်သည် အနောက်နိုင်ငံ များမှ ထုတ်ဝေခဲ့သော စာအုပ် မျက်နှာဖုံး များနှင့် ဒီဇိုင်း များစွာကို ရေးဆွဲခဲ့ ပါသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့၌ အမေရိကန် - မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်မှ ကြီးမှူး ကျင်းပ ပြုလုပ်သော ပြပွဲတွင် ပန်းချီကား ၅ဝ ကျော်ဖြင့် တကိုယ်တော် ပြပွဲ ပြုလုပ်ခဲ့သည်။ ပြပွဲ ဖွင့်လှစ်ပြီး ခဏတာ အတွင်း သူ၏ ပန်ချီကားများ အကုန်လုံး ရောင်းလိုက်ရကာ သူ၏ ပထမ အဦးဆုံး အောင်မြင်မှုပင် ဖြစ်ခဲ့လေသည်။


ပုဂံမြို့သို့ သွားရောက်ခဲ့ပြီး သမိုင်း ဆိုင်ရာ၊ မြန်မာမှု သုတေသန ပြုလုပ်ချက် များနှင့် အတူ ပုဂံ မြင်ကွင်း အမျိုးမျိုးကို ဆီဆေး၊ ရေဆေး ပန်းချီကားများ ရေးဆွဲခဲ့ပြီး၊ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အခြေစိုက် နေထိုင်ကာ ဝတ္ထု မဂ္ဂဇင်း သရုပ်ဖော် ပုံများနှင့် ဒီဇိုင်းများ ရေးဆွဲခဲ့သည်။ မိုးဝေ စာပေ မဂ္ဂဇင်းနှင့် အခြား စာစောင် မဂ္ဂဇင်း၊ နေ့စဉ် သတင်းစာများ တွင်လည်း ပန်းချီ အနုပညာနှင့် ပတ်သက်၍ ဆောင်ပါးများကို အခါ အားလျော်စွာ ရေးသားခဲ့သည်။


တက္ကသိုလ် ကောလိပ်နှင့် အနုပညာ ကျောင်းများ၏ ဖတ်ကြားချက် အရ ပန်းချီ ရေးဆွဲနည်း အတတ် ပညာကို ပို့ချခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ကြည်မြင်တိုင် အထက (၃) တွင် နွေရာသီ ပန်းချီ တလသင်တန်း၌ အချိန်ပြည့် လုပ်အားပေး ပို့ချခဲ့သည်။ ပေါ်ဦးသက်သည် ၁၉၈၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သော Gallery Oriant ထူထောင်ရာတွင် ပါဝင်ခဲ့၍ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ လောကနတ် အလှပညာ ဆိုင်ခန်း Lokanat Galleries ကို တည်ထောင်သော အဖွဲ့ဝင် တဦးလည်း ဖြစ်ပါသည်။


ထို လောကနတ် အလှပညာ ဆိုင်ခန်းတွင် ၁၉၇၂ ခုနှစ်တွင် တကြိမ်၊ ၁၉၇၄ ခုနှစ်တွင် တကြိမ် တကိုယ်တော် ပြပွဲများ ပြသခဲ့သည်။ မြန်မာမှုနှင့် ခေတ်ပေါ် ပန်းချီ ပေါင်းစပ် ဖန်တီး နိုင်သော ပန်းချီ လက်ရာများကြောင့် အနောက်တိုင်း ပန်းချီ လောကတွင် ထင်ရှားသော မြန်မာ ပန်းချီ အနုပညာရှင် တဦး ဖြစ်သည်။


ဘဝနိဂုံး

ပေါ်ဦးသက်သည် ဆေးလိပ်ကို အလွန်အကျွံ သောက်သုံးသူ တစ်ယောက် ဖြစ်ခဲ့သည့် အားလျော်စွာ၊ ၁၉၉၃-ခုနှစ် ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့်အသက် ၅၇-နှစ်အရွယ်တွင် မန္တလေးမြို့၊ ပဒုမ္မာရိပ်မွန်၊ မင်္ဂလာဥယျာဉ်ရပ်၊ နန်းတော်ရှေ့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်တင်ကြည်နှင့် သားသုံးယောက်၊ မြေးသုံးယောက်ကျန်ရစ်ခဲ့သည်။ သူကွယ်လွန်ချိန်သည် သင်္ကြန်ကာလဖြစ်သောကြောင့် ဆက်သွယ်ဆောင်ရွက်ရန် ခက်ခဲနေသော်လည်း သူ့ဈာပနတွင် သူ့ကိုချစ်သည့် မိတ်ဆွေအပေါင်းအသင်းများ၊ သူ့တပည့်တပန်းများ၊ အနုပညာလောကသားများဖြင့် အထူးစည်ကားခဲ့သည်။ သူ၏သူငယ်ချင်းဖြစ်သူ စာရေးဆရာ၊ ဒါရိုက်တာ၊ ကာတွန်းဆရာ (ဦး) ဝင်းဖေက ဈာပနမှတ်တမ်းထဲတွင် National Loss တခုဖြစ်ပါတယ် ဟု မှတ်တမ်းတင်ခဲ့သည်။



Ref: Maung Ba Kaung: ပေါ်ဦးသက်