မာနကိုစား အားရှိ၏

အနုပညာသမားတမှာ အနုပညာမာနရှိတတ်ကြပေမယ့် “သည် ပုတ်ထဲကပဲ၊ သည်ပဲချည်း”လိုတော့ လှေနံဓားထစ်ပြောလို့ မရပါဘူး။ အနု ပညာမာနမထားဘဲ သိမ်မွေ့ယဉ်ကျေးစွာ နေထိုင်ပြောဆိုဆက်ဆံ လေ့ရှိကြတဲ့ အနုပညာသမားတချို့လည်း ရှိကြပါတယ်။

ဟိုး ...တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ “အရိုင်းစံပယ်” ရုပ်ရှင်ကားကြီးထဲမှာ အဓိကဇာတ်ဆောင်က “ဘခက်”အမည်ရှိ စယ်စုံ ဂီတ ပညာရှင်အနုပညာသမားပါ။ သူ က အနုပညာမာနကြီးလန်းလို့ ဂီတ အခမ်းအနားတစ်ခုမှာ “မျက် နှာကြီးရာ ဟင်းဖက်ပါ”တဲ့။ ငရှင် ကြေး ရှင်တကို စိန်ခေါ်ပြီး သူ့ရဲ့ တေယာ တူရိယာကို ဒေါသတကြီး ရွိုက်ခဲခဲ့ပါ တယ်။ အဲသည် ရုပ်ရှင် ကြည့်ချိန်က စာရေးသူဟာ အသက် ၁၂ လောက်ပဲ ရှိသေးတာမို့၊ အရိုင်း စံပယ်ရုပ်ရှင်ထဲမှာ ဘခက်အဖြစ် ပြောင်မြောက် စာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားထန်း ဝေကို ဘာမသိညာမသိ အရမ်းသေဘာကျခဲ့ပါတယ်။ အနုပညာသမားရဲ့ မာနဆိုတာကို တိတ်တခိုးကိုးကယ်မိပါတယ်။ အနု ပညာသမားဆိုတာ မာနရှိရမယ်ဆို တဲ့ အစွဲကို လက်ခံမိခဲ့တယ်။ အနုပညာသမားမှန်ရင် မာနရှိရမယ်လို့ ယုံကြည်မိခဲ့တယ်။ မာနကြီးကြတဲ့ အနုပညာသမားတွေကို ပစ်ခတ်ပြီး တော့ကို အားပါးတရေထောက်ခံခဲ့ တယ်။


စာရေးသူက သားလေသူ ပန်း ချီဆရာ “ပေါ်ဦးသက်'နဲ့ ဆုံဖူးတော့ မှ အမြင်ပြောင်းလွဲသားရပါတော့ တယ်။

၁၉၇၂/၇၃ လောက် မှာဖြစ်မယ် ထင်တယ်။ အဲသည် အချိန်မှာ “ပေါ်ဦးသက်”ဟာ အောင်မြင်ထင်ရှားတဲ့ ပန်းချီဆရာ ဖြစ်နေပါပြီ။ ယခုတိုင် မားမားမတ် မတ်ရပ်တည်နေတဲ့ “လောကနတ်” ပန်းချီပြခန်းဟာလည်း ရန်ကုန် ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ အထင်ကရ ထည်ဝါဝင် ကားနေ ခဲ့ပါပြီ။ “ထယ်ဝါဝင့်ကြား” ဆိုတဲ့ ဝေါဟာရကို သုံးရတာကေတာ့ “လောကနတ်”ကို ပညာရှိလို့ ခေါ်နိုင် တဲ့ “ဘသန်း (ဓမ္မိက)”က ဦး စီးထူ ထောင်ပြီး အဲသည်ကာလလို ခေတ် ကျပ်ခေတ်ကျဉ်းထဲမှာ “လောက နတ်"ဟာ မြန်မာပြည်ကြီးရဲ့ ဂုဏ် ဆောင်တစ်ခုတည်းသော ပန်း ချီပြ ခန်းကြီးအဖြစ် နိုင်ငံတကာ ပန်းချီ လောကကို လက်ကမ်းကြိုဆိုနိုင်လို့ ပါပဲ။ မြန်မာပန်းချီဆရာတို့ရဲ့ “မော် ဒန်ပန်းချီ”ကို ကြည့်ရှုလေ့ လာချင်သပဆိုရင် “လောကနတ်”ကို မရောက် လို့ မဖြစ်ပါဘူး။ အဲသည်တုန်းက “ခင်ဝမ်း”ဟာ သူ့ရဲ့ "စိတ္တဇပန်းချီ” စာအုပ်ကြောင့် ထင်ရှား စ ပြုနေပါပြီ။ ပေါ်ဦးသက်ဟာ လောကနတ် အဆောက်အအုံထဲက အခန်းတစ် ခန်းမှာ လူကိုယ်တိုင်လည်း နေ၊ စတူဒီယိုအခန်း (အလုပ်ခန်း)အဖြစ် လည်း အသုံးပြုပုံရပါတယ်။ သူက တော့ “ရွှေတိဂုံ”ပန်းချီကားကြောင့် နိုင်ငံတကာ အဆင့်ထိ ကျော်ကြား ပေါက်ရောက်နေပါပြီ။

အဲသည်ကာလမှာ ပန်းချီဝါသ နာပါတဲ့ စာရေးသူဟာ မင်္ဂလာဒုံ၊ ဝါယာလက်ရွပ်ကက်မှာနေပြီး မိတ္ထီလာ သား ဝါသနာတူကျောင်းနေဘက် “ဇော်ညို"နဲ့ တွစ်တွဲတဲရှိခဲ့သေပါ့။

ဇော်ညိုဟာ မိသားစုအသိုင်း အဝိုင်းတောင့်တင်းပြီး။ ဝါသနာပါရာ ကို လုပ်ကိုင်ခွင့်ရနေပါတယ်။ ပန်းချီ ဝါသနာပါတော့ ဆေး၊ စုတ်၊ ကင်း ဗ တ်အကုန်အစုံဝယ်နိုင်ပါတယ်။ အင်္ဂလိပ်ဘာသာထုတ် “ပီကာဆို” Pablo Picasso အတ္ထုပ္ပတ္တိစာအုပ် ထူကြီး ဝယ်ပြီး လက်ထဲ တကိုင်ကိုင် နဲပေါ့။ စာရေးသူကတော့ နိုင်ငံခြား သားပန်းချီဆရာတအေကြောင်း သိပ်မသိသေးသလို (ကေနေ့အထိ) သိပ်လည်း မကြိုက်ပါဘူး။ စာရေးသူ က ကိုယ့်တိုင်းရင်းပန်းချီဆရာတ ထဲက ဆိုရင် (မဂ္ဂဇင်းသရုပ်ဖော်ပုံ တကြည့်ရင်း) ပန်းချီဆရာကြီး “ဦး ဘရင်ကလ”ကို အကြိုက်ဆုံး ပါ။ မဂ္ဂဇင်းစာအုပ်ထဲက ဦးဘရင်ကလေးရဲ့ သရုပ်ဖော်ပုံကို ကူး၊ ကူးဆွဲရ တာအမောပေါ့။ ဦးဘရင်ကလေးရဲ့ သားဖြစ်တဲ့ ပန်းချီဆရာ “မောင်ညို ဝင်း”ကိုတော့ သူ့အေဖရဲ့ တစ်ဝက် လောက်ပဲ ကြိုက်ပါတယ်။ ကြိုက် ကြိုက်၊ မကြိုက်ကြိုက် လောလောလတ်လတ် စာရေးသူ “ဂိမ်း"သားရင် တော့ စာရေးသူရဲ့ ပုံတူကို ဆရာ မောင်ညိုဝင်းက ရေးဆဲပေးရမှာပါပဲ။ သူက စာရေးသူထက် အသက်ကြီး ပေမယ့် ကိုယ်က အရင်သေပြီး သူ က ကျန်းကျန်းမာမာ အသက်ရှည် နေပါစေလို့ ဆုတောင်းပါတယ်။

အထက်က ပြောခဲ့တဲ့ ဇော်ညို ဟာ ပေါ်ဦးသက်ကို ကြည်ညို လန်း တော့ ပေါ်ဦးသက်ကို လူချင်းတရ အောင် ကြိုးစားပါတယ်။ ပေါ်ဦး သက် ဘယ်မှာ အမြဲရှိနေနိုင်သလဲ ဆိုတာ သတင်းရေတာ့ စာရေးသူကို အေဟ်ခေါ်ပြီး “လောကနတ်”ကို သားကြပါတယ်။ ပေါ်ဦးသက်ကို သူ့ စတူဒီယိုထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရပါတယ်။

အထက်က ပြောခဲ့တဲ့ ဇော်ညို ဟာ ပေါ်ဦးသက်ကို ကြည်ညိုလန်း တော့ ပေါ်ဦးသက်ကို လူချင်းတရ အောင် ကြိုးစားပါတယ်။ ပေါ်ဦး သက် ဘယ်မှာ အမြဲရှိနေနိုင်သလဲ ဆိုတာ သတင်းရေတာ့ စာရေးသူကို အဖော်ခေါ်ပြီး “လောကနတ်”ကို သားကြပါတယ်။ ပေါ်ဦးသက်ကို သူ့ စတူဒီယိုထဲမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရပါတယ်။

ပေါ်ဦးသက်ဟာ ကမြောက်က ခြောက် မလောက်လေး မလောက် စား လူငယ်ကလေး နှစ်ယောက်ကို သူ့အခန်းမှာ လေးလေးစားစား နေ ရာပေးပါတယ်။ ဇော်ညိုဟာ ပေါ်ဦးသက်ထံမှာ တပည့်ခံချင်တဲ့အကြောင်း စာရေးသူက ပြောတော့ ပေါ်ဦးသက်က ခေါင်းတဆတ်ဆတ် ပဲ စိတ်ပါတယ်။ ပြီးလည်း ပြီးရော၊ ပေါ်ဦးသက်ဟာ သူ့စတိုင်အတိုင်း ကြမ်းပေါ်မှာ ငုတ်တုတ်ကြီးထိုင်၊ ဆေးပေါ့လိပ်ကြီးဖာရင်း ဒဿနဆန် တဲ့ စကားတ ကရားရေလွှတ် တစ်တွတ်တတ်နဲ့ ပြောပါတော့တယ်။ စာ ရေးသူတော့ နားထောင်ရင်း ခေါင်း မူးသလိုလို ဖြစ်လာပါတယ်။ ဇော် ညို၊ ကေတာ့ ဓမ္မကထိက ဘုန်းကြီးရှေ့ရောက်နေတဲ့ ဘုရားဒကာလို ပုဆစ် ဒူးတုပ်ထိုင်ရင်း ပေါ်ဦးသက် လေ အေးအေးနဲ့ ပြောတာကို ငေး မာ နားစွင့်နေပါတယ်။ နောက်ပိုင်းကာ လ စာရေးသူဟာသားလေသူ ဆရာ မကြီး “လူထုဒေါ်အမာ"နဲ့ ခေတ္တဆုံ တုန်း ဆရာမကြီးရဲ့ လေ ယူလေသိမ်း ကို ကြည့်ရင်း နားထောင်ရင်း “ပေါ်ဦးသက်စကားပြောပုံနဲ့ တူလိုက်တာ” လို့ တွေးမိတယ်။ လက်စသတ်တော့ ပေါ်ဦးသက်ဟာ ဆရာမကြီးရဲ့ သား တပည့် လူထုတွက်ထက် ဖြစ်နေသကိုး။

ထူးခြားတာက ပေါ်ဦးသက် ဟာ အဲသည်နေ့က လေအေးအေး၊ လျှာလေးလေးနဲ့ ၁ နာရီလောက်ကြာအောင် မရပ်မနား non-stop စကားပြောခဲ့တာပါပဲ။ ပိုပြီး ထူးခြားတာက တော့ ပန်းချီဆရာတစ်ယောက်က ပန်းချီဝါသနာရှင်လူငယ်နှစ်ယောက် ကို ပန်းချီပြခန်းကြီးဘေးက ပန်းချီ အလုပ်ခန်းကလေးထဲမှာ ပန်းချီ အကြောင်း တစ်လုံးတစ်ပါဒမျှ မပြေ ခဲ့တာပါပဲ ခင်ဗျား။ စကားအဆုံးသတ်ပြီးတော့ ပေါ်ဦးသက်က အပြင်ခန်းထဲက စကားဝိုင်းကို စာရေးသူတို့ နှစ် ယောက်ကို ခေါ်သွားပြီး စကားဝိုင်း ထဲက ပန်းချီ ဆရာတွေနဲ့ မိတ်ဆက် ပေးပါတယ်။ “သူက ပေါ်သိမ့်၊ သူက ပေါ်ညွန့်ရာ၊ သူက မောင်ဒီ”စသဖြင့် ပေါ့။ စကားဝိုင်းထဲက ပန်းချီဆရာ တစ် ယာက်က စာရေးသူတို့ကို ..

“မောင်ရင်တို့ကို ...ကိုပေါ်ဦး စကားတ အများကြီးပြောတယ် မဟုတ်လား၊ အဲသည်လူပြောတာ ကို မယုံကြနဲ့နော်”လို့ အတည်ပေါက် နဲ့ ပြောတာကို တခြားပန်းချီဆရာ တွေက ဝိုင်းရယ်ကြပါတယ်။ ပေါ်ဦး သက်ကတော့ ခပ်ပြုံးပြုံးနဲ့ ဆေးလိပ် ပဲ ဖွာနေလေရဲ့။

ပြီးတော့ ကုန်သည်လမ်းပေါ်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်သွားကြပြီး လက်ဖက်ရည်သောက်ကြတယ်။ ပန်းချီဆရာတ ပန်းချီအေကြာင်း ပြောရှောလမလားဆိုပြီး စာရေးသူ နားစွင့်နေသေးတယ်။ အံ့ရောဗျာ ...။ ပန်းချီဆရာတွေဟာ ပန်းချီ အနုပညာအကြောင်း တစ်ခွန်းတောင် မဟကြဘူး။ တခြားထွေလာ ကေလာရယ်စရာစကားတွေပဲ ပြောနေကြတယ်။ တကယ့်ပုဂ္ဂိုလ်ထူးတွေ။

စင်စစ်မတော့ ပန်းချီဆရာဟာ အနုပညာကို တန်ဖိုးထားတယ်။ တန် ဖိုးထားတာအတွက် မာနကြီးတယ်။ မာနကြီးတော့ ပန်းချီအကြောင်း မေပြောတော့ဘူး။

စာရေးသူလည်း စာပေနဲ့ပတ်သက်ရင် မာနကြီးပါတယ်။ စာပေ မိတ်ဆွေနဲ့တွေ့ရင် “ပိုက်ဆံရမယ့် စာပေအကြောင်းပဲ ပြော။ တခြား လေကြောင်တွေ မမှုတ်နဲ့၊ နိုး..ပဲ”လို့ သတိပေးလေ့ရှိပါတယ်။ (ကိုင်း ...) ဘယ့်နှယ်ရှိစ။ ။


ကြူးနှစ်

CREDIT: ပေါ်ပြူလာဂျာနယ်