ဝ လုံးတန်းမှာ ဝိဇ္ဇာဖြစ်သွားသူ
မောင်မိုးသူ မြန်မာစာအရေးသင်တော့ ဝလုံးကိုစရေးရပါတယ်။ ဝလုံးကလေးလှလှလေးရေးဆို မဟုတ် လား၊ ဝလုံးရေးသားတာ အတော်ကိုရမှကကြီး၊ ခကွေးတက်ရတာ၊ မောင်မိုးသူတို့ မြန်မာနိုင်ငံတင် လား၊ မဟုတ်ဘူးခင်ဗျ၊ မောင်မိုးသူရဲ့ ငယ်ပေါင်းပန်းချီဆရာနှစ်ယောက်ရှိပါတယ်။ သူတို့ကတော့ ပေါ် ဦးသက်နဲ့ဝင်းဖေတို့ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပန်းချီပညာကို ဘကြီးသက်ဆီမှာ သင်ကြားခဲ့ ပြီး အတော်ရေးဖြစ်နေပါပြီ။ အင်မတန်မှခေတ်မီတဲ့ ဘကြီးသက်ဟာ သူ့တပည့်နှစ်ယောက်ဖြစ်တဲ့ ပေါ်ဦးသက်နဲ့ဝင်းဖေကို နိုင်ငံတကာ ရေးနည်းရေးဟန်တွေရဖို့ ဘဏ်ဦးခင်မောင်ကလည်း ပန်းချီပညာ ကို အရမ်းလေ့လာလိုက်စားသူဖြစ်ပြီး သူ့ဆီမှာရှိတဲ့ဆေးတွေ၊ စက္ကူတွေနဲ့ပေါ်ဦးသက်တို့ဝင်းဖေတို့ကို ရေးခိုင်းလေ့ရှိပါတယ်။ သူတို့နဲ့အတူ မြန်မာ့ရိုးရာမောင်အေးမြင့် (ဦးအေးမြင့်) လည်းပါပါတယ်။ မဆီ မဆိုင်အဆစ် ပန်းချီမရေးတတ်တဲ့ မောင်မိုးသူတောင်ဝင်ရေးခဲ့ဖူးသေးတယ်။ ဆရာ့ဆေး၊ ဆရာ့စက္ကူ တွေနဲ့ပေါ့၊ ဆရာဘဏ်ဦးခင်မောင်ဟာ သူ့တပည့်ဖြစ်တဲ့ပေါ်ဦးသက်တို့ဝင်းဖေတို့ကို နိုင်ငံတကာစာ ပေးစာယူ သင်တန်းဖြစ်တဲ့ Famous School of Art မှာပေါ်ဦးသက်၊ Washinsgton School of Art မှာဝင်းဖေတို့ကို အပ်နှံပြီးစာပေးစာယူနဲ့ ပန်းချီသင်စေပါတယ်။
ဒါလည်း ဝလုံးနဲ့စတာပဲလေ။ ဝလုံးကလေး ဝိုင်းဝိုင်းရေးဖို့ဆိုတာကိုက တကယ်တော့ လွယ်လှတာမဟုတ်ပါဘူး။ ဝလုံးရေးပြီးခါမှ ကကြီးတန်း ခခွေးတန်းတက်ရမှာလေ။ ဒါပေမဲ့ မောင်မိုးသူတို့တစ်တွေကတော့ အင်မတန်ထူးချွန်ပြောင်မြောက်တဲ့ မြန်မာပြည်သားများဖြစ်ကြ ပါတယ်။ မောင်မိုးသူအပါအဝင်ပေါ့လေ၊ ဝလုံးတန်းမှာပဲ တစ်ခါတည်းတန်းပြီး 'ဝိဇ္ဇာ' ဖြစ်ကုန်ကြတာ ပါပဲ။ အင်းလေ၊ မြန်မာစကားမှာ ဝ-မရှိဘဲ ဝိမလုပ်နဲ့ဆိုတာရှိတယ် မဟုတ်လား။ ဝရှိမှတော့ ဝိလုပ်တော့တာ ပေါ့၊ ဝိလုပ်ရုံဘယ်ကမှာလဲ၊ 'ဝိဇ္ဇာ' တန်းလုပ်ကြတော့တာပါပဲ။ ဒီလိုဒီလိုနဲ့ မောင်မိုးသူအပါအဝင် မြန်မာပညာရှိတွေဟာ ဒင်းတို့ဉာဏ်တစ်မိုက်တစ်ထွာမျှရယ်နဲ့ဆိုပြီး နေရာတကာအတတ်ပညာ အရာရာမှာ ဆရာကြီးလုပ်ကြတော့တာပါပဲ။
စာပေလည်းစာပေမို့၊ ပန်းချီလည်း ပန်းချီမို့၊ ဂီတလည်းဂီတမို့၊ သဘင်လည်း သဘင်မို့၊ နည်းပညာ လည်းနည်းပညာမို့၊ ဘောလုံးလည်း ဘောလုံးမို့၊ ခြင်းလုံးလည်း ခြင်းလုံးမို့နေရာတကာ ငါဆရာလုပ်ကြ တော့တာပါပဲ။ အဲပညာရေးတို့၊ နိုင်ငံရေးတို့မှာလည်း ထိုနည်းတူပါပဲ။ ဝလုံးတန်းပဲရှိသူတွေက ကိုယ့် ဘာသာကိုယ် ဝိဇ္ဇာတန်းဖြစ်ပြီဆိုပြီး သြဝါဒတွေခြွေ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့ကြလို့ ကမောက် ကမတွေဖြစ်ခဲ့ကြတာ၊ ကြုံခဲ့ကြတာများလှပေါ့။ တစ်ချိန်တစ်ခါသောကာလက ငါးတန်းရောက်မှ အင်္ဂလိပ်စာသင်ရမယ်ဆိုတဲ့ သင်ရိုးထွက်ခဲ့လို့ အဲဒီသင်ရိုးနဲ့ကြုံကြိုက်ခဲ့ရတဲ့ မောင်မိုးသူရဲ့သားကြီး၊ သမီးလတ်တို့ဟာ ဘွဲ့သာရသွားကြတာ၊ အင်္ဂလိပ်စာလုံးဝမတတ်သူတွေ ဖြစ်ခဲ့တာကြုံခဲ့ဖူးပါတယ်။ ခုလည်းသုံးလေးတန်းမှ အင်္ဂလိပ်စာသင်ရအောင်လို့ဆိုလာသေး။ သူတို့သားသမီးတွေကျတော့ မြန်မာ နိုင်ငံတွင်းမှာရှိတဲ့ အင်္ဂလိပ်စာသင်ကျောင်းတွေမှာ မူကြိုကစပြီး သင်ကြားစေပြီးပြီးရင် နိုင်ငံရပ်ခြားကို ပို့ပြီးသင်ကြားစေတာ။ နိုင်ငံရပ်ခြားကိုပညာသွားရောက်သင်ကြားသူများအတွက် ပထမဆုံးနဲ့အရေးအ ကြီးဆုံးအောင်လက်မှတ်ရဖို့က အင်္ဂလိပ်စာပဲဖြစ်ပါတယ်။
ဒီနေ့အင်္ဂလိပ်စာဟာ ကမ္ဘာသုံးဖြစ်နေပါပြီ။ ဘယ်ဘာသာရပ် ဘယ်စာမဆို ငယ်ငယ်ကတည်းက စနစ် တကျသင်ကြားမှ တတ်မြောက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ၊ မောင်မိုးသူတို့လို အင်မတိ အင်မတန်တော် အလွန်ထူးချွန်တဲ့ ပုဂ္ဂိုလ်များ ကတော့ ဝလုံးတန်းမှာပဲ ဝိဇ္ဇာဖြစ်သွားကြပြီး သြဝါဒတွေချွေလုပ်နေကြပါပြီ။
ဝလုံးတန်းမှာ ဝိဇ္ဇာဖြစ်သွားသူ မောင်မိုးသူပါ။