အရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာ

 ၁။ သေတူရှင်ဖက် ဆောင်ရွက်မကင်း အချင်းချင်း အခင်းကြီးငယ်
ရှိခါ၀ယ်လည်း မဖယ်မသွေ ညီညာကုန်၍ ရုန်းကြလေ..။


၂။ တစ်ယောက်စကား တစ်ယောက်နားမှ မခါးရအောင်
သတိဆောင်၍ မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ..။

၃။ မတွေ့ခိုက်ရန် မကျူးလွန်နှင့် မျက်မာန်ဒေါသ
မထွက်ရအောင် မာန်မာနကို ချုပ်ကြလေ..။

၄။ ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကိုချစ်ပါလေ..။


၅။ သူ၏စီးပွား ငါ့စီးပွားကို ထောက်ထားမိစေ

ကြီးလောဘကို မျှတစေ..။

၆။ ဟုတ်သောအကြံ မှန်သောအကျင့် သင့်သောအယူ ဖြူသောနှလုံး

သူတော်ထုံးကို စွဲသုံးသောထွေ မှန်လှစေ..။

၇။ မှတ်ဖွယ်ရာရာ ထိုထိုစာကို ရှာ၍မပြတ် အိမ်တွင်ဖတ်..။


၈။ အစ်ကိုကြီးအား ညီငယ်များလည်း စကားနုတ်သက် ဖက်၍မဆို

ရိုသေလှစေ ကိုကြီးအမ သည်နှစ်၀ကို မိဘကဲ့သို့မှတ်ပါလေ..။



(အရှင်မဟာရဋ္ဌသာရ)


CREDIT: Art For Soul