ချစ်ခြင်း နှုတ်ဆက် ဘာသာဗေဒ


ဆည်းဆာတစ်ခု

ကမ်းစပ်တစ်ခု

လူသူမဲ့ ငါတစ်ယောက်ထဲ။


အိမ်တန်းပျံငှက်

ငါ့ကိုနှုတ်ဆက်

ဝမ်းမနဲပါနဲ့။


ဝင်လုဆဲနေ

ငါကိုလက်ပြ

မငိုပါနဲ့။


ကမ်းခွါလှိုင်း

မြည်သံပေးငိုကြွေး

ငါ့ကိုစာနာသလိုလို။


အရာရာ တနေ့

ရှင် သေ ကွဲ

ခွဲရတဲ့ အနိစ္စ ကျိန်စာ

သူသူ ငါငါ

ကိုယ်စီကိုယ်ငှ

ကိုယ်ဒုက္ခဒဏ်ရာ ကိုယ်စီနဲ့မို့

ရီတခါ ငိုတလှည့်

ကြုံရမှာမို့

ငါ့ရင်ဘတ် လက်နဲ့ဖိထားရင်

သက်သာရာ ရပါ့မလား။


သြောင်မင်း(ခေတ္တလူ့ပြည်)

6 May 2017

My Collection Paintings


Artist Paw Oo Thett ( 1936-1993 )

Painted in 1985