ထီးကလေးနဲ့ မနီ
မနီကလေး မူမူရာရာ
ထီးကလေးနဲ့လာ၊
လာပါလေရော့ လာပါတော့
ဆရာ ခေါ်ပါပေါ့၊
တမော့မော့နဲ့ စာပေအံ
သူ့တေး စာစာညံ၊
ဆရာထံ စာအံရ
မနီ ပထမ။ ။
(တင်မိုး)
၁၉၇၀ ပြည့်နှစ် အမျိုးသားစာပေဆု ၁၂ ဆု အနက်မှ ကလေးစာပေဆုရ ''ထီးကလေးနဲ့မနီ'' ကဗျာများ။ အဖုံးပန်းချီ ပေါ်ဦးသက်။
တင်မိုး၏ ''ထီးကလေးနဲ့မနီ'' ကဗျာများကို ဖတ်ရှုရသော ကလေးတို့အဖို့ မုချပျော်ရွှင်ကြည်နူးကြလိမ့်မည်။ အလိမ္မာတိုးကြလိမ့်မည်။ တည်ဆောက်ချင် ဖန်တီးချင်သည့် အလှစိတ်ဓာတ် ကိန်းအောင်းလာလိမ့်မည်ဟု ယုံကြည်သည်။
(*အမျိုးသားစာပေဆု ရွေးချယ်ရေးအဖွဲ့*)