ပေါ်ဦးသက်၏ မြစ်ဧရာ(၁၉၇၅)``………..အမည်ရ ပန်းချီကား


 မြန်မာ အနုပညာ။

…..``The Irrawaddy(1975) By Paw Oo Thett

***

``ကျမ်းပြုသူ လင်းစန်……ဆိုသူ

လူ တစ်ယောက်၏ ဖွင့်ဟဝန်ခံချက်များ-၃၁။ ။``

(On Confession)

=======

ဤဒွန္နယာရှိ လူတို့၏ ဘဝ၊ ဖြစ်ရပ်အထွေထွေ….ဆိုသည်မှာ လူ-ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အနေဖြင့် ၎င်း (အားကိုးအားထားပြုရာ) ``အနာဂတ်`` ဟူသည့် တစ်ခုတည်းကိုသာ မှန်းမျှော်တမ်းတလျက်နေခဲ့ပါမူကား……ထိုသူသည် အသိဉာဏ် နည်းပါးရာ ရောက်၍နေခဲ့သည့်အလျောက် အဲဒီလိုမျိုး (နောက်တော့မှ ဖြစ်ကောင်းဖြစ်လာနိုင်သည့် အရာများ ဟူသည်မှာ) ရေရေရာရာ ဘာမှ ရှိလှသည်တော့ မဟုတ်၊ ဤအတွက် လူ တစ်ဦး တစ်ယောက်အတွက် ….၎င်း၏ ရှေ့ရေး စိတ်ချသေချာနေစေရန်အလို့ငှာ ……အရာ တစ်ခုကို ပြုမူပါက ဧက ဒိဌ မဟုတ်မူပဲ ….ဒွိသဘော နှစ်ခုကိုသာ ပြုမူပါလေ……ဟူ၍ကား (မိမိ အတ္တ အဆင်ပြေရာပြေကြောင်း စီးပွားရေး နှစ်ခု လုပ်ကိုင်ကာ) ခေတ်ပျက်ချိန် ကြီးပွားတတ်သည့် သူဌေး တစ်ဦးပမာကား ကျွန်ုပ်တို့ မပြောပြလို၊ ဤအဆိုအား အလွယ်တွေးဆ မှတ်ယူသူများက …….ကျမ်းဆရာ ``လင်းစန်`` အနေဖြင့် ဥပမာ။ ။ ချစ်သူ-ကိစ္စအရာ၌လည်း တစ်ဦး မဟုတ်က တစ်ဦး သေချာနေစေရန်……..ရည်စားသနာ ထားပြီ ဆိုပါကလည်း ဧကသဘော မဟုတ်မူပဲ ဒွိယံ(ဝါ) မိန်းမသား နှစ်ဦး ပြိုင်တူသာ ထားသင့်ကြောင်း…..ပြောဟောလျက်ရှိသည်…..ဟု ဆိုလာနိုင်ခဲ့ပေရာ ဤကျွနု်ပ်တို့သည်ကားဆိုလျှင် ထိုသို့သော အယူ မရှိရုံမျှမက ဤလူ တစ်ယောက် ဆန့်ကျင်ဖက် လိင်……မိန်းကလေးများအား ချစ်တတ်စ အထက်တန်းကျောင်းတော်သား နဝမတန်း သမယ ၁၄- ၁၅ နှစ် အရွယ်မှ စတင်၍ (ဤယနေ့ ၂၀၁၆ ….ဦးကြီး တစ်ဦး ဟု ဆိုကောင်း ဆိုနိုင်လေမည့် အထိပင်။ ။) သူကလေး တစ်ဦးတစ်ယောက်အား ``ချစ်မိပါပေ၏။ ။`` ဟူ၍ Proposal တစ်ခုအား ဥပမာ။ ။ တစ်ခုသော နွေဂိမန္တ၏ ရိုမန္တိက ရွက်ကြွေတော လမ်းများဝယ် ၎င်းသူမအား လိုက်လံကာ ပြောဟောခဲ့ငြားအံ့၊ ထိုသူမထံမှ ….``ကိုရင် လင်းစန် ….ရှင့်ကို မုန်းတယ်။`` …..သို့တည်းမဟုတ် `` အင်း….ကျွန်မ ရှင့်ကို ချစ်ပါသတဲ့ရှင်။`` ဟူ၍ ထိုသို့ထိုနှယ် သဲကွဲသည့် ချစ်သူရေးရာ ပု စ္ဆာ-အဖြေ တစ်ရပ်ရပ် မရရှိသမျှကာလပတ်လုံး ထိုအခြေအနေနှင့် စင်ပြိုင်ပမာ ….အခြား မိန်းမသား တစ်ဦးဦးက မည်မျှ အခွင့်အရေး ပေး၍ နေပါစေ…..ကျွန်ုပ်တို့ ချစ်ရေး ထပ်မံ ဆိုခဲ့ပြန်သည့် မှတ်တမ်းမှတ်ရာ…..ဤလူ တစ်ယောက် ဘဝ၌ မရှိခဲ့ရိုး မှန်ပါပေသည်။ ၎င်း``အနာဂတ်`` ….ဟူသည် မသေချာ မရေရာကြောင်း…..ဟူသည့် အကြောင်းခြင်းတ Issue ကိုသာ အနီးကပ် ချဉ်းကပ်ဆွဲယူ ပြောပြလိုခြင်းမျှသာ ဖြစ်ပါကြောင်း၊ ၁၉၈၀ နှစ်များ စတင်စ သမယ …..ရန်ကုန် ရွှေမြို့တော်- လှိုင်နယ်မြေ ဒေသကောလိပ်၏ နွေရာသီ ကျောင်းပိတ်ရက်များ စတင်သည်နှင့် ……ဟို-အညာမြေက မွေးရပ်မြေ ကျေးရွာကလေးဆီသို့ ပြန်မည် ...ဟူ၍ မူလဘူတအားဖြင့် ရည်ရွယ်ရင်း ရှိခဲ့သည့်တိုင် ၎င်းပုဂ္ဂလိက စိတ်ကူးမှန်းခြေတစ်ခုသည်ကားဆိုလျှင် ....ရည်ရွယ်ရင်းအတိုင်း ထိုသို့ ဖြစ်ပေါ်လာနိုင်ပါခဲ့၏လော။ ကျောင်းတော်မှ ထုတ်ပေးသည့် Youth အမည်ရ ဖောင်တိန်ပင်ဖြင့် ……..တက္ကသိုလ် နှစ်လည် မဂ္ဂဇင်းအတွက် ကျွနု်ပ်တို့ ရေးသားပေးပို့လိုက်သည့် ``နေ့မောည အယူအဆ`` အမည်ရ ဆတ်ဆတ်ဆော့ဆော့ ဖွဲ့နွဲ့မိလေသည့် ဂါထာ တစ်ပုဒ်သည် …..၎င်းကျောင်းသားရေးရာဌာန တာဝန်ရှိ ပုဂ္ဂိုလ်များအတွက် မြန်မာ့နည်းဟန် ဆိုရှယ်လစ်-ဝါဒ ပေါ်လစီ-ဝါဒရေးရာအရ မျက်စိ-ဆံပင်မွေး စူးစရာ ကဗျာ တစ်ပုဒ် ဖြစ်ပေါ်ခဲ့လေရာ ……ကျောင်းအာဏာပိုင်တို့ အလိုရှိနေသော နာမည်မည်း စာရင်းတွင် ဝင်ရောက်သွားခဲ့ရလေရာ……..မိခင်အိုကြီး မျှော်နေသည် ဆိုသည့် အညာမြေ အလယ်ရိုးမတောင်စဉ်တောင်တန်းများ၏ ကြားက ကျေးရွာကလေး တစ်ရွာဆီသို့လည်း ကျွနု်ပ်တို့ မပြန်နိုင်၊ ရန်ကုန်တက္ကသိုလ်- စိတ္တဗေဒ မဟာပညာဌာန ပါမောက္ခ ဆရာခက ……တနေရာရာသို့ မောင်ရင်လေး ဤဂိမန္တ ရှောင်ကာ ``ရှုမျှော်ခင်း`` ကျမ်းစာ တစ်စောင် ပြုစု၍ နေပါလေ……ဆိုကာ ဧရာဝတီ ဒီဝီဇံ နယ်ပယ်ထဲက ကျေးရွာ တစ်ရွာသို့ ၎င်း စေလွှတ်လိုက်သည့်တိုင် ထို``ရွှေသောင်ယံ`` ကျေးရွာ တဖက်ကမ်းက ``ရှေး- ရဲတိုက်အိုကြီး`` ဆီသို့ အနှောင့်အယှက် ကင်းကင်းနှင့် ကျွနု်ပ်တို့ ရောက်ကာ မသွားမချင်း …..၎င်း``အနာဂတ်`` မနက်ဖြန် …..မတ်-၃၁ (ဝါ) ၎င်း ဧပြီ-၁ ဟူသည် မသေချာမရေရာ အနေအထားမှာပင် ရှိနေခဲ့ပါသေးကြောင်း….စသည့် ဖြစ်စဉ် တစ်ရပ်ကိုသာ ဤနေရာ၌ ဖော်ပြလိုရင်း မှန်ခဲ့ပါပေသည် တကား။ ။