စွန်လိုက်ခြင်း နှင့် အရွယ်သုံးပါး


ပျော်မဆုံး မော်မဆုံး

ငယ်ငယ်တုန်းကစွန်လိုက်တုန်းက ။


အနိုင်မခံ အရှုံးမပေး

မိုးကောင်းကင်ကြီးကတိုက်ပွဲ

သတ္တိကသတ်သတ်

တဘက်ရှုံးမှာကသတ်သတ်

အခွင့်ရေးစောင့် အမြတ်ထုပ်မှာက

အခြားအရပ် က စွန်လိုက်သူ ။


ငယ်ငယ်တုန်းကဘာမှမတွေးမိ

ကြီးရင့်လာတော့ တွေးဆကြည့်

လောကကြီးမှာ

တဘက်ကမ်းပြို တဘက်သောင်ထွန်း

ညောင်ဦးကမ်းပြိုတာနဲ့ ဆမ္ပန်ဲနဂိုက နွားမ

ပေါင်ကျိုးတဲ့ အဖြစ်အပျက်များ

ထင်ထင်ရှားရှားမြင်လာရတော့

စွန်လိုက်ခဲ့တဲ့ခလေးဘဝကိုဘဲ

တွေးဆ အသိမဲ့ ရိုးရိုးကြီးဘဲ

ပျော်လိုက်ချင်တော့ ။


သြောင်မင်း( ခေတ္တလူ့ပြည်)

28 December 2016

My Collection Painting

Artist Paw Oo Thett